SJ WorldNews - шаблон joomla Авто

လိုင်စင်မဲ့ အရက်ဆီပုံးများ သိမ်းဆည်းရမိ

Thursday, 12 April 2018 12:37 font size decrease font size decrease font size increase font size increase font size

ကျောင်းကုန်း ဧပြီ ၁၁

ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ် ကျောင်းကုန်း-အိမ်မဲလမ်းဆုံ၌ ယမန်နေ့က သယ်ဆောင်ခွင့်လိုင်စင်မဲ့ အရက်ဆီပုံးများ သိမ်းဆည်းရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ နံနက် ၉ နာရီတွင် ကျောင်းကုန်း-အိမ်မဲ လမ်းဆုံ၌ ကျောင်းကုန်းမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထွန်းထွန်းဝင်း ဦးစီးအဖွဲ့သည် သက်သေများနှင့် အဖွဲ့သည် ၅ ဂါလန်ပါ အရက်ဆီပုံး ၁၄ ပုံး တန်ဖိုးငွေကျပ် ၁၇၅ဝဝဝ ခန့်အား ပေါက်ဆိန်ပဲ့ကျေးရွာသို့ သယ်ဆောင်ရန် ထော်လာဂျီယာဉ်အား စောင့်ဆိုင်းနေသည့် ပေါက်ဆိန်ပဲ့ကျေးရွာနေသူ လဲ့လဲ့ဝင်းကို ဖမ်းဆီးရမိခဲ့သည်။ အလားတူ နံနက် ၁၁ နာရီခွဲတွင် ကျောင်းကုန်းတံတားအနီး အောင်ဆန်းလမ်း၌ အရက်ဆီ ၅ ဂါလန်ပါ ပလတ်စတစ်ပုံး လေးပုံး၊ Grand Royal စာတန်းပါ အရက် ၁၂ လုံးပါ စက္ကူပုံးတစ်ပုံး၊ ''ဇေ'' စာတန်းပါအရက် ၁၂လုံးပါ စက္ကူပုံးတစ်ပုံး စုစုပေါင်း တန်ဖိုးငွေကျပ် ၉ဝဝဝဝ ခန့်ကို သယ်ဆောင်ရန် ထော်လာဂျီ ယာဉ်စောင့်ဆိုင်းနေသည့် ဒိုးတန်းကျေးရွာနေသူ သန်းဌေးကို ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ လဲ့လဲ့ဝင်းကို (ပ)၁ဝဝ/၂ဝ၁၈ ယစ်မျိုး ဥပဒေပုဒ်မ ၃၇ ဖြင့်လည်းကောင်း၊ သန်းဌေးကို (ပ) ၁ဝ၁/၂ဝ၁၈ ယစ်ဥပဒေပုဒ်မ ၃၇ ဖြင့်လည်းကောင်း ကျောင်းကုန်းမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 20 times Last modified on Thursday, 12 April 2018 13:57