SJ WorldNews - шаблон joomla Авто

မဘိမ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၇၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Thursday, 12 April 2018 18:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ ရောင်းချနေသော သတင်းအရ သွားရောက်ရှာဖွေရာ ကျွန်းတောကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက်၌ တဲတစ်လုံးအတွင်း ရွှေကူမြို့၊ ခုမူကျေးရွာနေ ဦးသိန်းကျော် (ဘ)ဦးထွန်းရွှေအား တွေ့ရှိခဲ့ပြီး ၎င်းနေရာ တစ်ဝိုက်အား ရှာဖွေစစ်ဆေးရာ ချုံနွယ်များအတွင်း ဖုံးဝှက်ထားသော ပေပါအခွံအတွင်းမှ ဘိန်းဖြူမှုန့် ၁၁ ဂရမ်ပါ ဆပ်ပြာခွက် ၁၀၃ ခွက် (၁ဒဿမ ၁၃၃ကီလိုဂရမ်) (ခန့်မှန်း တန်ဖိုးငွေ ကျပ်၂၀၃သိန်းကျော်)၊ သစ်ခေါင်းအတွင်းရှိ ပေပါအတွင်းမှ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၈၅၀၀၀၀ ပြား၊ လစ်ပိုပုလင်းဖြင့် ထည့်ထားသော ဘိန်းဖြူမှုန့် ၃ ဒဿမ ၅ ဂရမ်၊ ဘိန်းမဲ ၇၀၀ ဂရမ် (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၇၀၀၀၀ ကျော်) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား မဘိမ်းမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 171 times Last modified on Thursday, 12 April 2018 18:13