SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့၌ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများအား ဖမ်းဆီးရမိ

Thursday, 12 April 2018 18:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်- မိုင်းတွမ်းသွား မြို့ရှောင်လမ်း၊ လွမ်စတုံကျေးရွာ အုပ်စုအတွင်းရှိ ရမ်းခေါင်ကျေးရွာအနီး၌ တပ်မတော် သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးစဉ် ဧပြီ ၁၁ ရက် ညနေ ၅ နာရီခန့်တွင် တာချီလိတ်ဘက်မှ မိုင်းတွမ်းဘက်သို့ ယာဉ်မောင်း စိုင်းကျန်ဆာမောင်းနှင်၍ ကျော်ဇော လိုက်ပါလာသော ယာဉ်အမှတ် 3K/------ Fortuner မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းမှ WY စာတမ်းပါ နီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၄၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား မေးမြန်းချက်အရ အဆိုပါဆေးပြားများကို တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက်ရှိ ပလက်တီနမ်ဟိုတယ်တွင် တည်းခိုလျက်ရှိသည့် အားစန်နှင့် အီးဝီတို့ထံ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ည ၉ နာရီခန့်တွင် အဆိုပါဟိုတယ်သို့ သွားရောက်ရှာဖွေစစ်ဆေးရာ စိုင်းအောင်မြင့်နှင့် ဆာမလန်းတို့ကို WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀ ပြား၊ MARK-II အမျိုးအစား မော်တော်ယာဉ် ၁ စီးဖြင့် လည်းကောင်း၊ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည့် စဖာစစ်ဝိနာလန်နှင့် ပါနန်တို့ကို WY စာတမ်းပါ နီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၈ ပြား၊ ထိုင်းဘတ်ငွေ ၁၉၅၀၀၀ ဘတ်၊ မော်တော်ဆိုင်ကယ် ၁ စီးတို့နှင့်လည်းကောင်း၊ စိုင်းနွန်နှင့် တင်မျိုးမြင့်တို့ကို WY စာတမ်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ ပြား၊ ထိုင်းဘတ်ငွေ ၂၉၈၀၀ ဘတ်၊ ဖုန်း ၁ လုံး၊ YGN 3I/---- Majesta မော်တော်ယာဉ် ၁ စီးတို့နှင့် လည်းကောင်း အသီးသီးထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ စိတ်ကြွရူးသွပ် ဆေးပြားစုစုပေါင်း ၂၀၄၄၆၈ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၆၇ သိန်း)နှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ် မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်သူများအားလည်း ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 69 times Last modified on Thursday, 12 April 2018 18:18