SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့နယ်၊ လွယ်စီတုံကျေးရွာ အနီး၌ ငွေကျပ်သိန်းလေးသောင်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူအား ဖမ်းဆီးရမိ

Friday, 20 April 2018 09:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဧပြီ   ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊    ဝမ်လုံးကျေးရွာအုပ်စု အတွင်းရှိ  လွယ်စီတုံကျေးရွာ အဝင်၌ ယနေ့နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ ရှာဖွေစစ်ဆေးမှု များဆောင်ရွက်စဉ် မိုင်းဟဲဘက်မှ တာချီလိတ်ဘက်သို့ အားဂျာ(ဘ)ဦးအားဖီ မောင်းနှင်လာသော Hilux Vigo အမျိုးအစား မော်တော်ယာဉ်အမှတ် SHN-2M/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း အတွင်း မှ ဆာလာအိတ် ခြောက်လုံးဖြင့် ထည့်ထားသည့် အိုက်စ် ၂ဝဝ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းလေးသောင်း ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိသူအား တာချီလိတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

..............

 

 

Read 8 times Last modified on Friday, 20 April 2018 10:00