SJ WorldNews - шаблон joomla Авто

ဂဝံများ တင်ဆောင်လာသည့် ခြောက်ဘီးယာဉ် တစ်စီး ကတ္တရာလမ်းကျွံ တိမ်းမှောက်

Wednesday, 13 June 2018 09:02 font size decrease font size decrease font size increase font size increase font size

ညောင်လေးပင် ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မြို့မ(၁)ရပ်ကွက် နဂါးရုံလမ်း၌ ယမန်နေ့ ညနေ ၆ နာရီက ဂဝံများတင်ဆောင်လာသည့် ခြောက်ဘီးယာဉ်တစ်စီး ကတ္တရာလမ်းကျွံ၍ တိမ်းေ မှာက်မှု ဖြစ်ပွားကြောင်း သိ ရသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့ မြို့မ(၁) ရပ်ကွက် နဂါးရုံဘုရားလမ်းအတိုင်း တောင်မှမြောက်သို့ ရွှေကျင်မြို့ ပဒဲကောကျေးရွာနေ ယာဉ်မောင်း အောင်ကျော်စိုး ၃၅ နှစ်မောင်းနှင်လာ သည့် ယာဉ်အမှတ် YGN-1N/---- FORLAND  အမျိုးအစား (အဖြူရောင်)ခြောက်ဘီးယာဉ်သည် နဂါးရုံဘုရား လမ်းအလယ်အရောက်၌ ကတ္တ ရာလမ်းကျွံ၍ ယာဉ်မှာ လမ်းယာဘက် သို့ တိမ်းမှောက်သွားခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အောင်ကျော်စိုးကို ညောင်လေးပင်မြို့မ ရဲစခန်းက ယာဉ်(ပ)၂၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 17 times Last modified on Wednesday, 13 June 2018 09:10