SJ WorldNews - шаблон joomla Авто

ပရိုဘောက် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ တည်းခိုခန်း တံခါးကို တိုက်မိ

Thursday, 14 June 2018 09:01 font size decrease font size decrease font size increase font size increase font size

မိုးကောင်း ဇွန် ၁၃

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် ဈေးလမ်းဆုံအနီးရှိ တည်းခိုခန်းတံခါးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပရိုဘောက် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ဝင်ရောက် တိုက်မိသဖြင့် တည်းခိုခန်းတံခါးပေါက်တွင် ထိုင်နေသည့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စု လမ်းမကြီးအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်းမင်းမင်းဇော် ၄၂ နှစ် မောင်းနှင်သည့် ယာဉ်အမှတ် KCN-2G/- ----တိုယိုတာ ပရို ဘောက်အမျိုးအစားယာဉ်သည် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် ဈေးလမ်းဆုံအနီး အရောက်တွင် အရှိန်မ ထိန်းနိုင်ဘဲ လမ်း၏ယာဘက်တွင်ရှိသော မြမြင့်မိုရ်တည်းခိုခန်း ရှေ့မျ က်နှာစာ တံခါးဝင်ပေါက်ကို ဝင်ရောက် တိုက်မိခြင်းဖြစ်ပြီး တံခါးပေါက်အနီးတွင် ထိုင်နေသော ဦးသံချောင်း(ခ)ဝင်းကို ၅၃ နှစ်ကို တိုက်မိခဲ့သဖြင့် ယာဘက်တင်ပါးဆုံ အရိုးနာကျင်ဒဏ်ရာ၊ ယာဘက်ဒူးနှင့် ခြေသလုံးတို့တွင် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မင်းမင်းဇော်ကို မိုးကောင်းမြို့မ ရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၁၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၄၂၇ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 112 times Last modified on Thursday, 14 June 2018 09:03