SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်တစ်စီး ရေနုတ်မြောင်းအတွင်း ထိုးကျ တိမ်းမှောက် ယာဉ်မောင်း သေဆုံး

Thursday, 14 June 2018 09:03 font size decrease font size decrease font size increase font size increase font size

သိန်းနီ ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် မန်ဟယ်ကျေးရွာအနီး သိန်းနီ-ကွမ်းလုံလမ်း၌ ယမန်နေ့ ညနေ ၃ နာရီခွဲက မော်တော်ယာဉ်တစ်စီး ရေနုတ်မြောင်းအတွင်း ထိုးကျတိမ်းမှောက်ရာ ယာဉ်ေ မာင်းသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ သိန်းနီမြို့နယ် မန်ဟယ်ကျေးရွာအနီး သိန်းနီ-ကွမ်းလုံသွား ကားလမ်းအမှတ် (၁၆-၁၇)ကြားတွင် သိန်းနီဘက်မှ ကွမ်းလုံဘက်သို့ ယာဉ်မောင်းကောက်ကျင်အဲ ၄၇ နှစ် နမ့်ဟူကျေးရွာ ကွမ်းလုံမြို့နေသူမောင်း နှင်ပြီး ဒေါ်လီရှောက်စန်း ၄၇ နှစ်(လိပ်စာတူ)လိုက်ပါလာသော 7H/----Mark II ရွှေငါး အဖြူရောင် မော် တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်အမြင့် ၅ ပေခန့်ရှိ ရေနုတ်မြောင်းအတွင်းသို့ ထိုးကျ တိမ်းမှောက်သည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ကောက်ကျင်အဲတွင် ဦးခေါင်းယာဘက် ပေါက်ပြဲ ဒဏ်ရာ၊ ဝဲ/ယာမျက်ခုံးဖူးရောင် ညိုမည်းဒဏ်ရာ၊ ယာနားထင်သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးပြီး ဒေါ်လီ ရှောက်စန်းတွင် ယာဘက်နားရွက်ပြတ်ရှဒဏ်ရာ၊ ယာပခုံးပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းနီမြို့နယ် နမ့်စလပ်နယ်မြေ ရဲစခန်းက ယာဉ်(ပ)၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၇၉/ ၃၃၇/၃၃၈/၃ဝ၄-က အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 10 times Last modified on Thursday, 14 June 2018 09:05