SJ WorldNews - шаблон joomla Авто

လမ်းလျှောက်လာသည့် လူငယ်တစ်ဦးထံမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Thursday, 14 June 2018 09:08 font size decrease font size decrease font size increase font size increase font size

တာချီလိတ် ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ကျေးရွာ ဘုန်းကြီးကျောင်းသွား လမ်းပေါ်၌ လမ်းလျှောက်လာသူလူငယ်တစ်ဦးထံမှ ယမန်နေ့ညနေ ၃ နာရီခွဲက မူးယစ်ဆေးဝါး များ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်ခရိုင် မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ (မှုခင်းအကူအဖွဲ့)မှ တပ်ဖွဲ့ဝင်များ၊ နယ်ထိန်း တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်း အရ ဆန်ဆိုင်း (ခ)ရပ်ကွက် ဝမ်မိုင်ကျေးရွာ ဘုန်းကြီးကျောင်းသွား လမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသည့် မျိုးမင်းသက်(ခ)ဒိုင်လျှိုကို စစ်ဆေးရှာဖွေရာ WY စာတန်းပါ စိတ်ကြွေ ဆးပြား ၃၁ဝ ပြား၊ အိုက်စ် ၁ ဒသမ ၅၅ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးမင်းသက်(ခ) ဒိုင်လျှိုင်ကို တာချီလိတ်မြို့မရဲစခန်းက မယ(ပ) ၄၈/၂ဝ၁၈၊ မူး/ စိတ်ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 54 times Last modified on Thursday, 14 June 2018 09:10