SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ တစ်ဦးသေဆုံး

Friday, 10 August 2018 10:12 font size decrease font size decrease font size increase font size increase font size

သီပေါ  သြဂုတ် 

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ် မန္တလေး-လားရှိုးသွား ပြည်ထောင်စုလမ်းမကြီး၌ ယမန်နေ့ နံနက် ၁ နာရီခွဲက မော် တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သီပေါဘက်မှ လားရှိုးဘက်သို့ ထန်းငယ်တောကျေးရွာ မြိုင်မြို့နယ် မကွေးတိုင်း ဒေသကြီးနေ ယာဉ်မောင်း သက်ကိုဦး ၂၉ နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ 8H/------- ၁၂ ဘီးယာဉ်နှင့် လားရှိုးဘက်မှ သီပေါဘက်သို့ စိုင်းတိုင်းရပ်ကွက် မိတ္ထီလာ မြို့နယ် မန္တလေးတိုင်းဒေသကြီးနေ ယာဉ်မောင်းဦးလှမျိုး  ၄၆  နှစ် မောင်းနှင်လာသည့်  4H/---- ခရီးသည်တင်ယာဉ်တို့သည် မန္တလေး- လားရှိုးသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်

အမှတ်(၁၄၈/၁)နှင့်   (၁၄၈/၂)ကြား၌  အရှိန်မထိန်းနိုင်ဘဲ  မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိရာ ခရီးသည် တင် ယာဉ်ပေါ်ပါ ခရီးသည်ကိုးဦးအနက် အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးပြီး    သုံးဦး ဒဏ်ရာရရှိခဲ့ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းများ ဖြစ်သည့် သက်ကိုဦးနှင့်လှမျိုးတို့နှစ်ဦးကို သီပေါမြို့မရဲစခန်းက ယာဉ်(ပ)၃၄/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/ ၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Read 9 times Last modified on Friday, 10 August 2018 10:25