SJ WorldNews - шаблон joomla Авто

ဘိန်းဖြူမှုန့်များ သိမ်းဆည်းရမိ

Friday, 10 August 2018 10:25 font size decrease font size decrease font size increase font size increase font size

လားရှိုး  သြဂုတ် 

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ၌ ယမန်နေ့ မွန်းတည့် ၁၂နာရီက နေအိမ်အတွင်းမှ ဘိန်းဖြူမှုန့်များ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ    နမ့်ပေါင်ရဲကင်းစခန်းမှ  ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ ရပ်ကွက်(၆)နေ ဝင်းထွန်း ၄၃ နှစ်၏နေအိမ်ကို  ဝင်ရောက်ရှာဖွေရာ ဝင်းထွန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ နန်းအေးနု ၄၅ နှစ်တို့အားတွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်ရှေ့ ဈေးဆိုင် ပစ္စည်းများ တင်သည့် သစ်သားစင်အောက်ဆုံးထပ်တွင် ကုန်ပစ္စည်း များနှင့်ရောနှောလျက် ကြွပ်ကြွပ်အိတ်အတွင်း ဆပ်ပြာ ခွက်များနှင့်ထည့်ထားသည့် ဘိန်းဖြူ မှုန့် ၁ဝ ဂရမ်နှင့်အိပ်ခန်းအတွင်း သံသေတ္တာထဲမှ မူးယစ်ဆေးဝါး ရောင်းချရငွေဟု ယူဆရသော မြန်မာငွေစက္ကူရောရာ ငွေကျပ် သိန်း၅ဝ တို့ကို သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းထွန်းနှင့် နန်း အေးနုတို့နှစ်ဦးကို လားရှိုးမြို့မရဲစခန်းက မယ(ပ)၁၅ဝ/၂ဝ၁၈၊ မူး/စိတ် ဥပဒေပုဒ်မ ၁၉ (က)/၂ဝ(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။                     

Read 48 times Last modified on Friday, 10 August 2018 10:25