SJ WorldNews - шаблон joomla Авто

စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Friday, 10 August 2018 10:26 font size decrease font size decrease font size increase font size increase font size

မူဆယ်  သြဂုတ် 

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ အမှတ်(၄)ရပ်ကွက်၌ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက စိတ်ကြွဆေးပြား များ သယ်ဆောင်လာသူတစ်ဦးအား ဖမ်းဆီး ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပန်ဆိုင်း(ကြူကုတ်)နယ်မြေ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်ကျော်ဦး   ဦးစီးသော တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ ပန်ဆိုင်း (ကြူကုတ်)အမှတ်(၄)ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးတွင် စစ်ဆေးရေးလုပ်ငန်း များ ဆောင်ရွက်နေစဉ် မူဆယ်ဘက်မှ ပန်ဆိုင်း (ကြူကုတ်)ဘက်သို့ ယာဉ်မောင်း ဂျုံဂျိန်စိုက် မောင်းနှင်လာသည့် 9I----PRADO အဖြူရောင်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ  ယာဉ်နောက်ခန်း ထိုင်ခုံပေါ်တွင် တင်ထားသည့်  လက်ဆွဲအိတ်အတွင်းမှ ပန်းရောင်စိတ်ကြွ ဆေးပြား ၉၇၅ဝဝ ပြား ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၆၂၅ဝဝဝဝ ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍   ဂျုံဂျိန်စိုက်ကို မူဆယ်မြို့မရဲစခန်းက မယ(ပ)၃/၂ဝ၁၈၊ မူး/ စိတ်ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

Read 13 times Last modified on Friday, 10 August 2018 10:27