SJ WorldNews - шаблон joomla Авто

ညောင်လေးပင်မြို့ အတွင်း ဖောက်ထွင်း ခိုးယူနေသူအား ဖမ်းမိ

Friday, 10 August 2018 10:27 font size decrease font size decrease font size increase font size increase font size

ညောင်လေးပင်  သြဂုတ် 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ အတွင်း၌   ဖောက်ထွင်းခိုးယူနေသူအား ယနေ့ နံနက် ၄  နာရီခွဲတွင်  ဖမ်းဆီး ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ သည် လှည့်ကင်းဆောင်ရွက်နေစဉ် ညောင်လေးပင်မြို့ ရုံးပေါင်းစုံ လမ်းပေါ်တွင် အမျိုးသား တစ်ဦး နီညိုရောင်  ဘေးလွယ်အိတ်တစ်လုံးလွယ်လျက် လမ်းလျှောက်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိရ၍ သက်သေများနှင့် အတူ စစ်ဆေးမေးမြန်းရာ  ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နေ ထွန်းထွန်းဦး ၃၁ နှစ် ဖြစ်ကြောင်းသိရပြီးအိတ်အတွင်းမှ ငွေစက္ကူရောရာ ၁၇၃ဝ၅ဝဝ၊  D TWO စာ တန်းပါ အမည်းရောင် ပိုက်ဆံအိတ်တစ်လုံး၊ အရှည်တစ်ပေရှိ ကော်လက်ကိုင်ရိုးတပ် ဝက်အူလှည့် တစ်ချောင်း၊   SAMSUNG တံဆိပ်ပါ အမည်းရောင် ဖုန်းတစ်လုံး၊ ဖုန်းအားသွင်းသည့် ပါဝါဘန့် နှစ်လုံး၊ အမည်းရောင် ဖုန်းအား သွင်း ကြိုး တစ်ချောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်ခုကို သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ပစ္စည်းနှင့် ငွေများအား ပိုင်ဆိုင်ကြောင်း အထောက် အထားတစ်စုံတစ်ရာ ပြောဆိုပြ သနိုင်ခြင်းမရှိ သဖြင့် ထွန်းထွန်းဦးကို ညောင်လေးပင်မြို့မ ရဲစခန်းက (ပ)၃၄၉/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 53 times Last modified on Friday, 10 August 2018 10:27