SJ WorldNews - шаблон joomla Авто

တရားမဝင် ကျွန်း သစ်ခွဲသားများ သိမ်းဆည်းရမိ

Friday, 10 August 2018 10:27 font size decrease font size decrease font size increase font size increase font size

မိုးကောင်း  သြဂုတ် 

ကချင်ပြည်နယ် မိုးကောင်းမြို့၌ ယမန်နေ့ နံနက် ၁ နာရီက တရားမဝင် ကျွန်းသစ်ခွဲသားများ သိမ်းဆည်း ရမိ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် သစ်တော ဦးစီးဌာနမှ တောအုပ်ဦးသက်နိုင် ဦးဆောင်သော ဝန်ထမ်းများသည် မိုးကောင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ   တပ်ဖွဲ့ဝင်များနှင့်အတူ သတင်းအရ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် မြို့အဝင် ၂ မိုင် စစ်ဆေးရေးဂိတ်၌  စောင့်ဆိုင်းနေစဉ် မိုးညှင်းမြို့နေ ယာဉ်မောင်း ကျော်ထွန်း ၃၈ နှစ် မောင်းနှင်လာသည့်

လီဖန်းအမျိုးအစား သုံးဘီးအပြာရောင်ယာဉ် ကို  ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၈၄ချောင်း ကာလတန်ဖိုးငွေကျပ် ၂၄၇၉၅ဝ သိမ်းဆည်း ရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်ကျွန်း သစ်ခွဲသားများ သယ်ဆောင်လာသည့် ကျော်ထွန်းကို   မိုးကောင်းမြို့မ ရဲတပ်ဖွဲ့ စခန်းက (ပ)၁၁၈/၂ဝ၁၈၊ သစ်တောအက် ဥပဒေပုဒ်မ ၄၃(က)အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရ သည်။          

 

Read 8 times Last modified on Friday, 10 August 2018 10:28