SJ WorldNews - шаблон joomla Авто

စိတ်ကြွ ဆေးပြားများ သိမ်းဆည်း ရမိ

Thursday, 16 August 2018 10:31 font size decrease font size decrease font size increase font size increase font size

သာစည် သြဂုတ် ၁၅

မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ၌ ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်က ငွေကျပ် သိန်း ၂၄ဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု (မန္တလေးတောင်ပိုင်း) ရဲအုပ်ခွန်အောင်ကိုကိုနှင့် မူးယစ် တပ်ဖွဲ့ဝင်များ၊ သာစည်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ်ထွန်းနိုင်ရွှေ ဦးစီးသော ရဲတပ်ဖွဲ့ဝင် များသည် သက်သေ များနှင့်အတူ ကျွဲတပ်ဆုံကျေးရွာ သော်တာဝင်း တိုးဂိတ်အနီး၌ ယာဉ်မောင်း တင်မိုးလွင် မောင်းနှင်လာသည့် MGY 4M/----HIGAE အမျိုးအစား ခဲရောင် ခရီးသည် တင်ယာဉ်ကို ရပ်တန့် ရှာဖွေစစ်ဆေးရာ ခုံအမှတ် A တွင် စီးနင်း လိုက်ပါလာသော ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် နောကုန်းကျေးရွာနေ သန်းမင်းထွဋ် (ခ)သန်းမင်း ၄ဝ နှစ်၏ လှိုင်ထက်စံ တံဆိပ်ပါ ဆားအိတ် အတွင်းရှိ အကြည်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် ဆီတိုဟူး အတွင်း၌ သိုဝှက်ထားသော WY စာတန်းပါ လိမ္မော်ရောင်နှင့် ပန်းရောင်စိတ်ကြွ ဆေးပြား ၈ဝဝဝ ပြား ခန့်မှန်း ကာလတန်ဖိုး ငွေကျပ်သိန်း ၂၄ဝ ဖိုးခန့်ကို သိမ်းဆည်း ရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သန်းမင်းထွဋ်(ခ) သန်းမင်းကို သာစည်မြို့မ ရဲစခန်းက မယ(ပ) ၁၂/၂ဝ၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ဘိုဘို(မလှိုင်)

Read 156 times Last modified on Thursday, 16 August 2018 10:32