SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်သဖြင့် ယာဉ်မောင်း ခုန်ဆင်းရာမှ သေဆုံး

Thursday, 16 August 2018 10:32 font size decrease font size decrease font size increase font size increase font size

ကွတ်ခိုင် သြဂုတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် လားရှိုး-မူဆယ်လမ်း မိုင်တိုင်အမှတ်(၂၃၂/ဝ)နှင့် (၂၃၂/၁)ကြား ရှုခင်းသာ တာဝါတိုင် အနီး၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ က မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်သဖြင့် ယာဉ်မောင်း ခုန်ဆင်းရာမှ ကတ္တရာလမ်းနှင့် ဦးခေါင်း ထိခိုက်မိ၍ သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူဆယ်ဘက်မှ လားရှိုးဘက်သို့ အမှတ်(၁၂)ရပ်ကွက် လားရှိုးမြို့နေ ယာဉ်မောင်း ရန်ရုံဖူ ၃၁ နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ တုံကျားချိန် ၂၆ နှစ် လိုက်ပါလာသော ယာဉ်အမှတ် 8J---လိုက်ထရပ် အဖြူရောင်ယာဉ်သည် ကွတ်ခိုင်မြို့နယ် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၃၂/ဝ)နှင့် (၂၃၂/ဝ)ကြား ရှုခင်းသာ တာဝါတိုင် အနီးတွင် ဘရိတ်ပေါက်သဖြင့် ယာဉ်မောင်း ရန်ရုံဖူမှာ ကတ္တရာ လမ်းပေါ်သို့ ခုန်ဆင်းစဉ် ကတ္တရာလမ်းနှင့် ဦးခေါင်း ထိခိုက်မိ၍ ဝဲနဖူးကွဲအက် ဒဏ်ရာ၊ ဝဲလက်ပွန်းပဲ့ ဒဏ်ရာ၊ ဝဲဒူးခေါင်းပွန်းပဲ့ ဒဏ်ရာများဖြင့် သေဆုံးသွားပြီး တုံကျားချိန်မှာ မော်တော်ယာဉ် နှင့်အတူ လမ်းယာဘက် ၁ဝ ပေခန့် ရွှံ့ပျော့ချောက်ထဲသို့ တစောင်းလဲကျ လိုက်ပါသွားရာ ဝဲလက်မောင်း ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ရန်ရုံဖူကို ကွတ်ခိုင်မြို့မ ရဲစခန်းက ယာဉ်(ပ)၂၁/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့် ဆောင်ရွက် ထားကြောင်း သိရသည်။

Read 125 times Last modified on Thursday, 16 August 2018 10:33