Print this page

တရားမဝင် ကညင်ခွဲသားများ တင်ဆောင်လာသော မော်တော်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား

Thursday, 16 August 2018 11:25 font size decrease font size decrease font size increase font size increase font size

လှည်းကူး သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက တရားမဝင် ကညင်ခွဲသားများ တင်ဆောင်လာသော မော်တော်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၁၅/၂)နှင့် (၁၅/၃)အကြား၌ တရားမဝင် ကညင်ခွဲသား ၁ ဒသမ ၅ တန် တင်ဆောင်လာသော 2L/-----Alphard အဖြူရောင် အမျိုးအစား ယာဉ်မှာ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်ပေါ် ပါရှိသူတို့မှာ ထွက်ပြေးတိမ်းရှောင် သွားသည်။ သိမ်းဆည်း ရမိသော တရားမဝင် ကညင်ခွဲသားများကို မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစည်သူလင်းနှင့် အဖွဲ့ဝင်များက တိုင်းတာ စစ်ဆေးပြီး မြို့မ ပျိုးဥယျာဉ်တွင် စနစ်တကျ သိမ်းဆည်းသွားမည် ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သစ်ပိုင်ရှင်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းတို့ကို တရားစွဲဆို ဆောင်ရွက်သွားမည် ဖြစ်ပြီး အမှတ်(၃)အမြန် လမ်းရဲစခန်းက ယာဉ်ကို သိမ်းဆည်းပြီး အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။ နိုင်လင်း(လှည်းကူး)

Read 155 times Last modified on Thursday, 16 August 2018 11:35