SJ WorldNews - шаблон joomla Авто

ဘိန်းဖြူများနှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

Tuesday, 04 September 2018 10:14 font size decrease font size decrease font size increase font size increase font size

ဟုမ္မလင်း စက်တင်ဘာ ၃

စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ခိုပစ်ရွှေမှော်ရှိ တဲဟောင်းအတွင်း၌ ယမန်နေ့ နံနက် ၂ နာရီက အမျိုးသား နှစ်ဦးထံမှ ဘိန်းဖြူများနှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဟုမ္မလင်းမြို့နယ် ရွှေဝါကုန်းကျေးရွာ မူးယစ်ဆန့်ကျင်ရေး အဖွဲ့ဝင် ဦးမြင့်လင်းနှင့် အဖွဲ့သည် ဟုမ္မလင်းမြို့နယ် ခိုပစ်ရွှေမှော်ရှိ တဲဟောင်းအတွင်း ဝင်ရောက်ရှာဖွေရာ ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာနေ ကျော်ကျော်ဝင်း(ခ)မောင်ယော ၃၉ နှစ်၊ ဟုမ္မလင်းမြို့နယ် လက်ပံသာ ကျေးရွာနေ ကျော်သူ(ခ)ထွန်းရွှေ ၃၂ နှစ်တို့နှစ်ဦးကို တွေ့ရှိသည်။ ထို့နောက် ၎င်းတို့ကိုရှာဖွေရာ ကျော်ကျော်ဝင်း(ခ) မောင်ယော၏ လွယ်အိတ်အတွင်းမှ ပင်နီဆီလင် ပုလင်းဖြင့်ထည့်လျက် ဘိန်းဖြူသုည ဒသမ ဝ၁ ဂရမ်၊ ကျော်သူ(ခ) ထွန်းရွှေကိုင်ထားသည့် ကြွပ်ကြွပ်အိတ် အတွင်းမှ ကော်ဘူး၊ ပင်နီဆီလင် ပုလင်းတို့ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ဒသမ ၃ ဂရမ် စုစုပေါင်း ဘိန်းဖြူ ၂ ဒသမ ၃၁ ဂရမ် ကာလတန်ဖိုး ငွေကျပ် ၂၇၇၂ဝဝ၊ ပလတ်စတစ်ဖြင့် ထည့်လျက် WY စာတန်းပါ စိတ်ကြွဆေးပြားသုံးပြား ကာလတန်ဖိုးငွေကျပ် ၁၅ဝဝဝ တို့ကို သိမ်းဆည်းရမိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းကိုင်နယ်မြေ ရဲစခန်းက ကျော်ကျော်ဝင်း(ခ) မောင်ယောနှင့် ကျော်သူ(ခ) ထွန်းရွှေတို့နှစ်ဦးကို မူးယစ်(ပ)အမှတ် ၅၇/၂ဝ၁၈၊ မူး/စိတ် ဥပဒေပုဒ်မ ၁၆(ဂ)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 191 times Last modified on Tuesday, 04 September 2018 10:18