SJ WorldNews - шаблон joomla Авто

စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ

Tuesday, 04 September 2018 10:14 font size decrease font size decrease font size increase font size increase font size

ကျောက်မဲ စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ရပ်ကွက်(၉) နယ်မြေ(၂)နေ ကျောက်မဲမိုးကုတ် သွားလမ်းမကြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့ လမ်းပေါ်၌ ယနေ့ နံနက် ၁ နာရီခန့်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိကြောင်း ကျောက်မဲမြို့မ ရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ကျောက်မဲမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရှေ့၌ တွေ့ရှိသူကျောက်မဲမြို့နယ် မိုင်လုံမြို့နယ်ခွဲ နမ်ဖန်းအုပ်စု ပန်စုံကျေးရွာနေ စိုင်းသန်းထွန်း ၃၃ နှစ်ကို မသင်္ကာ၍ စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသော အင်္ကျီအိတ်ကပ် အတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါအမှုန့် စုစုပေါင်း အလေးချိန်သုည ဒသမ ၂ ဂရမ်နှင့် စိတ်ကြွဆေးပြား ၁၅ဝဝ သိမ်းဆည်းရမိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချရန် လက်ဝယ်တွေ့ရှိသူ စိုင်းသန်းထွန်းကို ကျောက်မဲမြို့မ ရဲစခန်းကမယ(ပ)၂၃/၂ဝ၁၈၊ မူး/စိတ် ပုဒ်မ-၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 241 times Last modified on Tuesday, 04 September 2018 10:18