SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Friday, 05 October 2018 09:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၎

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၅ နာရီခန့်တွင် တစ်ဖက်နိုင်ငံသို့ လှော်ခတ် သွား လာ နေသော မသင်္ကာဖွယ် လက်ခတ် လှေတစ်စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ တစ်ဖက် နိုင်ငံဘက်သို့ လှော်ခတ်ထွက်ပြေးခဲ့သည်။

အဆိုပါလှေအား လိုက်လံဖမ်းဆီးရာ ရွက်ညိုတောင် ကျေးရွာ၏ အနောက်ဘက် မီတာ၂၅ဝဝ ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။ လှေပေါ်မှ အလီဆူလီဟာမန်(ဘ)မာမွတ်အီနု၊ လူဘမ်း(ဘ) နူအီစ္စလာမ်နှင့် အဘူဆီဒီး(ဘ) ဟိုက်ဒါးအာလီတို့ကို WY/R စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၂၈၅ဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၅၇ဝ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက် နိုင်ရန် မောင်တောမြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 77 times Last modified on Friday, 05 October 2018 10:11