SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မောင်တောမြို့နယ်၊ ညောင်ချောင်း(မြောက်) ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

Friday, 05 October 2018 09:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၎

မောင်တောမြို့နယ်၊ ညောင်ချောင်း (မြောက်)ကျေးရွာနေ နော်ဇီရာမွတ်(ဘ) ဂွတ်တာ၏ နေအိမ်၌ အောက်တိုဘာ ၃ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ပေါ့ဆမီး မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးလောင်ရာနေရာသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁ဝ နာရီ ၁၅ မိနစ် ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။

အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ နော်ဇီရာမွတ်အား မကျီး ချောင်းနယ် မြေရဲစခန်းမှ တရားဥပဒေ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

(၁ဝဝ)

Read 146 times Last modified on Friday, 05 October 2018 10:12