SJ WorldNews - шаблон joomla Авто

ကွန်တိန်နာ မော်တော်ယာဉ်တစ်စီး ဆိုင်ကယ်ကို ရှောင်တိမ်းရာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်

Saturday, 06 October 2018 11:07 font size decrease font size decrease font size increase font size increase font size

တနင်္သာရီ အောက်တိုဘာ ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ASI ဆီအုန်း ကုမ္ပဏီအနီး မြိတ်-မောတောင်သွား ကားလမ်းမကြီးပေါ်၌ ယမန်နေ့နံနက် ၉ နာရီက ကွန်တိန်နာ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြိတ်မြို့မှ မောတောင်မြို့သို့ ပြည်ကြီးငါး (ကင်းမွန်)အလေးချိန် ၄၂ဝ ကီလိုဂရမ်ခန့် တင်ဆောင်ထားသည့် မြိတ်မြို့ကန်ဖျား ရပ်ကွက်နေသူ အောင်သီ မောင်းနှင်ပြီး ယာဉ်နောက်လိုက် လိပ်စာတူ အောင်မိုးလိုက်ပါလာသော ယာဉ်အမှတ် 4N^-----Nissan အမျိုးအစား အဖြူရောင် အအေးခန်း ကွန်တိန်နာ ခြောက်ဘီးယာဉ်သည် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ASI ဆီအုန်းကုမ္ပဏီအနီး မြိတ်မောတောင်သွား ကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၉/ဝ)နှင့်(၂ဝ/ဝ) ကြားအရောက်တွင် သဲဖြူကျေးရွာဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်ကို ရှောင်တိမ်းရာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးသို့ တိမ်းမှောက်သွားပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ နှစ်ဦးမှာ ထိခိုက်မှု တစ်စုံတစ်ရာ မရရှိကြောင်းသိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်တိမ်းမှောက်သည်အထိ မဆင်မခြင် မောင်းနှင်သူ အောင်သီကို မောတောင်နယ်မြေ ရဲစခန်းက ယာဉ်(ပ)၅/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 79 times Last modified on Saturday, 06 October 2018 11:08