SJ WorldNews - шаблон joomla Авто

ငွေကျပ် ၁၁၄ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ

Tuesday, 12 March 2019 09:47 font size decrease font size decrease font size increase font size increase font size

လွယ်ဂျယ် မတ် ၁၁

ကချင်ပြည်နယ် လွယ်ဂျယ်မြို့ ရပ်ကွက်(၁) ထင်းရှူးတောအတွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ငွေကျပ် ၁၁၄ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွယ်ဂျယ်နယ်မြေရဲတပ်ဖွဲ့ စခန်းမှ ရဲအုပ်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး သတင်းအရ သက်သေ များနှင့်အတူ ပူးပေါင်း၍ လွယ်ဂျယ်မြို့ ရပ်ကွက်(၁) ထင်းရှူးတောအတွင်း ကြိုတင်စောင့်ဆိုင်းနေစဉ် ကွတ်ခိုင်မြို့နယ်နေ မမာဖန် ၃၁ နှစ် မောင်းနှင်ကာ တရုတ်နိုင်ငံသား မာဒွတ် ၂၅ နှစ် စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်း ရောင်စုံဆပ်ပြာခွက် ရှစ်ခွက်တွင် ကာလတန်ဖိုးငွေကျပ်သိန်း ၈ဝ ရှိ ဘိန်းဖြူမှုန့် အလေးချိန် ၈ဝ ဂရမ်နှင့် အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်လျက် ကာလတန်ဖိုးငွေကျပ် ၃၄၆ဝဝဝဝ ရှိ ၈၈/၁ စာတန်းပါ စိတ်ကြွဆေးပြား ၁၃၇ဝ ပြားတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မာဒွတ်နှင့်မာဖန်တို့ နှစ်ဦးအား လွယ်ဂျယ် နယ်မြေရဲစခန်းက မယ(ပ) ၅/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 27 times Last modified on Tuesday, 12 March 2019 09:48