SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိ

Tuesday, 12 March 2019 09:48 font size decrease font size decrease font size increase font size increase font size

သိန်းနီ မတ် ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ပိန်းဆာအုပ်စု ပန်စုံကျေးရွာ၌ ယမန်နေ့ညနေ ၃ နာရီက မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သိန်းနီမြို့မ ရဲစခန်း၌ မယ(ပ)၁၄/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ခ)/၂၁အမှုမှ တရားခံ သိန်းနီမြို့နယ် ပိန်းဆာကျေးရွာ အုပ်စုချောင်းဆာ ကျေးရွာနေ သိန်းဇော် ၃ဝ နှစ်အား စစ်ဆေးမေးမြန်းရာ သိန်းနီမြို့နယ် ပိန်းဆာကျေးရွာအုပ်စု ပန်စုံကျေးရွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ တင်ဆောင်ထားသည့် ယာဉ်နှစ်စီးကျန် ရှိသေးကြောင်း၊ ၎င်းယာဉ်နှစ်စီးမောင်းနှင်လာသူ ရှမ်းကြီးကုန်းရပ် လားရှိုးမြို့နယ် နေရန်အောင်ဝင်း(ခ) ရှီးဖော်နှင့် အမျိုးသားတစ်ဦးတို့က အပ်နှံခဲ့၍ သိန်းဇော်က လိုက်လံပြသသည်။

ထို့နောက် သိန်းနီမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါနေရာကို သွားရောက် စစ်ဆေးရာ ပန်စုံကျေးရွာနှင့် ဆွန်ခိုင်ကျေးရွာ လမ်းမပေါ်၌ အဖြူရောင်မော်တော်ယာဉ် တစ်စီးကို ရှာဖွေတွေ့ရှိပြီး စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်အက်စစ်ဟု ယူဆရသော ပလတ်စတစ် ကော်ပုံးတစ်ပုံးလျှင် ၁၈ဝ လီတာခန့်စီပါ ရှစ်ပုံး စုစုပေါင်း ၁၄၄ဝ လီတာခန့် တန်ဖိုးငွေကျပ် ၁ဝ၈ဝဝဝဝဝ ခန့်နှင့် ရွှေဝါရောင် ဆာလာအိတ်ဖြင့် ထည့်လျက်က ဖင်းဟု ယူဆရသည့် အဖြူမှုန့် စုစုပေါင်း ၂ဝဝ ကီလိုဂရမ်ခန့် တန်ဖိုးငွေကျပ် ၁၅ဝဝဝဝဝ၊ YGN-5N/-----အဖြူရောင် ယာဉ်တစ်စီးအား ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်ဟု ယူဆရသည့် အရည် ၁၈ဝ လီတာပါ ခုနစ်ပုံး စုစုပေါင်း ၁၂၆ဝ လီတာခန့် တန်ဖိုးငွေကျပ် ၉၄၅ဝဝဝဝ နှင့် ကဖင်းဟု ယူဆရသည့် အဖြူမှုန့် ၂ဝဝ ကီလိုဂရမ်ခန့် တန်ဖိုးငွေကျပ် ၁၅ဝဝဝဝဝ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သိန်းနီမြို့မရဲစခန်းက မယ(ပ) ၁၅/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 24 times Last modified on Tuesday, 12 March 2019 09:49