SJ WorldNews - шаблон joomla Авто

မီးကြွင်းမီးကျန်ကြောင့် နေအိမ်နှစ်လုံး မီးလောင်

Tuesday, 12 March 2019 09:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၁

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်၌ ယမန်နေ့ ညနေ ၃ နာရီခွဲက နေအိမ်မီးဖို၏ မီးကြွင်းမီးကျန်ကြောင့် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် နယ်မြေ(၈)နေ ဒေါ်ချစ်၏ (၃x၃) မြေစိုက်ပျဉ်ခင်း၊ ထရံကာ၊ သက်ငယ်မိုးနေအိမ်ကို မီးဖိုမီးကြွင်းမီးကျန် မှတစ်ဆင့် မီးစတင်လောင်ကျွမ်းရာ ထိုမှတစ်ဆင့် တစ်အိမ်ကျော်ရှိ ဦးမောင်ပု၏(၃x၃)ပတ်လည်မြေစိုက်ပျဉ်ခင်း၊ ထရံကာ၊ သက်ငယ်မိုး နေအိမ်ကို မီးပွားလွင့်စဉ် ကူးစက်လောင်ကျွမ်း ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုကို အနီးရှိပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၄ နာရီတွင် မီးငြိမ်းသွားပြီး အဆိုပါ မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ တောင်ညိုနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ငြိမ်းကိုကိုသောင်းနှင့် တပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးကြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်ချစ်အား တောင်ညိုနယ်မြေရဲစခန်းက ဥပဒေအရ အမှုဖွင့်အရေးယူရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရွှေရဲရင့်

Read 22 times Last modified on Tuesday, 12 March 2019 09:50