SJ WorldNews - шаблон joomla Авто

ငွေကျပ်သိန်းပေါင်း ၂၆ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများအားဖမ်းဆီးရမိ

Wednesday, 13 March 2019 10:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ကျောက်ချောပူးပေါင်း စစ်ဆေးရေး ဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးစဉ် မတ် ၁၁ ရက် ညနေ ၄ နာရီခွဲ ခန့်တွင် မိုင်းရှူးမြို့ ဘက်မှ သော်လှ(ဘ) ဦးကျလဲ မောင်းနှင်လာပြီး   အိုက်လုံး(ဘ)  ဦးစုနိုင်နှင့် ဖြိုးသီဟ(ဘ)ဦးရောဘတ်တို့ လိုက်ပါလာသည့် PARADO အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN-1D/----- ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်း ထိုင်ခုံအောက် ကြမ်းခင်း အံဝှက်အတွင်း ဝှက်၍သယ်ဆောင်လာသော WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၈၆၈ဝဝဝ ပြား (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း  ၂၆ဝဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိ သူများအား အုန်းချောနယ်မြေရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Read 28 times Last modified on Wednesday, 13 March 2019 10:17