Print this page

မကွေးမြို့၊ ရန်အောင် ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

Wednesday, 13 March 2019 10:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်  ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊  ရန်အောင်ရပ်ကွက်ရှိ ဦးကံဝင်း(ဘ) ဦးသိန်းဟန် ပိုင်ဆိုင်သော နှစ်ထပ်တိုက်နေ အိမ်၌ ယနေ့ နံနက် ၁ဝ နာရီ ၂၅ မိနစ်ခန့်တွင် အဲယားကွန်း ဝါယာရှော့ခ်မှတစ်ဆင့်   မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာ နေရာသို့ တပ်မတော်သားများ၊  မီးသတ် တပ်ဖွဲ့ဝင်များနှင့်    ဒေသခံပြည်သူများစုပေါင်း၍   မီးသတ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ဝ နာရီ မိနစ် ၄ဝ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ မီးပေါ့ဆစွာသုံးစွဲသူဦးကံဝင်းအား မကွေးမြို့မ ရဲစခန်းမှ အမှုဖွင့် အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 45 times Last modified on Wednesday, 13 March 2019 10:19