SJ WorldNews - шаблон joomla Авто

ပြင်ဦးလွင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၈ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Wednesday, 13 March 2019 10:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊မိုင်တိုင်အမှတ်(၂၇/၇)၌ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ယာဉ်ဝင်/ထွက်မှုများအား ရှာဖွေစဉ်  မတ်  ၁၁ ရက် ည ၆ နာရီခွဲ ခန့်တွင် ဧလိယ(ဘ) ဦးလီသားမောင်းနှင်သည့် TOYOTA   SUCCEED  အမျိုးအစား  MDY-GG/----- မော်တော် ယာဉ်နှင့် ယောဆက်(ဘ) ဦးလီလေး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား SHN- 3N/ ------ မော်တော်ယာဉ် များအား ရှာဖွေရာ    ယာဉ်များ၏ နောက်ခန်း ထိုင်ခုံပေါ်တွင် ဆာလာအိတ်ဖြင့် ထည့်၍ တင်ဆောင် လာသော ဘိန်းဖြူဆပ်ပြာခွက် ၁ဝ၈ ခွက် (စုစုပေါင်းအလေးချိန် ၉၇၂ ဂရမ်ခန့်)နှင့် 88/1 စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၅ဝဝဝဝ ပြား၊   (စုစုပေါင်း မူးယစ် ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၈ဝဝဝကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိ တရားခံများအား ပြင်စာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထား ရှိကြောင်း သတင်းရရှိသည်။

Read 8 times Last modified on Wednesday, 13 March 2019 10:20