Print this page

မောင်တောမြို့အနီး ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများ ဖမ်းဆီးရမိ

Wednesday, 13 March 2019 10:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်  ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးရှိ နတ်မြစ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် မတ် ၁၁ ရက် ည ၁၁ နာရီ မိနစ် ၅ဝ ခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက် ၇ ဒသမ ၅ မိုင်ခန့် အကွာ၌ အလျား ၁၅ ပေ၊ အနံ ၃ ပေ၊ ရေစူး သုည ဒသမ ၅ ပေခန့်အရွယ်ရှိ လှေတစ်စင်း အားတွေ့ရှိသဖြင့်စစ်ဆေးရာ လှေပေါ်၌ နော်ဘီအူလာ (ဘ) ဦးအဒူဇော်လီနှင့် မိုဟာမက် ဂျူဘိုင်(ဘ) ဦးအဏဝါမူဆာဖာတို့ နှစ်ဦးကို  WY စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၁၅၅၆၁ဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၃ဝဝဝ  ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ  ဖမ်းဆီးရမိသူများအား မောင်တောမြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံ ခဲ့ကြောင်း သတင်းရရှိသည်။

Read 70 times Last modified on Wednesday, 13 March 2019 10:21