SJ WorldNews - шаблон joomla Авто

ကိုင်းတော မီးမှတစ်ဆင့် နေအိမ်မီးလောင်

Thursday, 14 March 2019 11:36 font size decrease font size decrease font size increase font size increase font size

မြင်းမူ မတ် ၁၃

စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နယ် မူးဝရွာထောင်ကျေးရွာ၌ ယမန်နေ့ မွန်းလွဲ၂ နာရီ ၂၅ မိနစ်က ကိုင်းတော မီးမှတစ်ဆင့် နေအိမ်အား မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြင်းမူမြို့နယ် မူးဝရွာထောင်ကျေးရွာ ရွာဦးကျောင်း တောင်ဘက်ရှိ ကိုင်းတော မီးမှတစ်ဆင့် အဆိုပါ ကျေးရွာရှိ ဦးဇော်နိုင်ဦး (ခ)ဂျက်ဂျက် ၂၈ နှစ်၏ နေအိမ်အား မီးကူးစက်လောင်ကျွမ်းရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့် ဇော်နိုင်ဦး၏ (၄ x ၃) ပင်၊ ထရံကာ၊ သွပ်မိုးတစ်ထပ် နေအိမ်တစ်လုံး၊ ကာလတန်ဖိုးငွေ ကျပ် ၃၅ဝဝဝဝ ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

Read 44 times Last modified on Thursday, 14 March 2019 11:37