SJ WorldNews - шаблон joomla Авто

ဝါးခယ်မမြို့၌ သုံးဘီးဆိုင်ကယ် တိမ်းမှောက် ယာဉ်မောင်းသေဆုံး

Thursday, 14 March 2019 11:37 font size decrease font size decrease font size increase font size increase font size

ဝါးခယ်မ မတ် ၁၃

ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာအုပ်စု ရွှေလောင်း-ဝါးခယ်မ ကားလမ်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက သုံးဘီးဆိုင်ကယ်တစ်စီး လမ်းဘေးရှိ ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ကာ ယာဉ်မောင်း သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာအုပ်စု ကျုံတုံးတံတားအနီး ရွှေလောင်း-ဝါးခယ်မ ကားလမ်း မိုင်တိုင်အမှတ် (၃ဝ/၂)နှင့် (၃ဝ/၃)ကြား၌ မရမ်းချောင်းကျေးရွာ အရှေ့ဘက်မှ ဝါးခယ်မမြို့ အနောက်ဘက်သို့ အုန်းကျော် ၅၃ နှစ် ရွှေသံလွင်လမ်း လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် ၈ဟ/----Wanhoo အမျိုးအစား ခဲရောင်သုံးဘီး ဆိုင်ကယ်သည် ရှေ့ဘီးပေါက်၍ ကားလမ်းညာဘက်အခြမ်း ရေမြောင်း အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ကာ အုန်းကျော်သည် သုံးဘီးဆိုင်ကယ်ပိမိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အုန်းကျော်အား ရွှေလောင်းနယ်မြေ ရဲစခန်းက ယာဉ်(ပ) ၅/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 7 times Last modified on Thursday, 14 March 2019 11:38