SJ WorldNews - шаблон joomla Авто

မီးဖိုတွင် ထမင်းအိုး တည်ထားပြီး ဈေးသွားဝယ်စဉ် နေအိမ်ကိုးလုံး မီးကူးစက် လောင်ကျွမ်း

Thursday, 14 March 2019 11:38 font size decrease font size decrease font size increase font size increase font size

မြောင်းမြ မတ် ၁၃

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက နေအိမ်မီးဖို၌ ထမင်းအိုးတည်ရာမှ မီးကူးစက်လောင်ကျွမ်းရာ နေအိမ်ကိုးလုံး မီးလောင်ဆုံးရှုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာနေ နန့်တိုတေး ၂၅ နှစ်သည် နေအိမ်မီးဖို၌ ထမင်းအိုး တည်ထားခဲ့ပြီး နေအိမ်ရှေ့ဈေးဆိုင်သို့ ဈေးသွားဝယ်နေစဉ် မီးဖိုမီးမှ မီးစတင် လောင်ကျွမ်းသဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်ကြောင့် နန့်တိုတေး၏ အလျား၁၂ ပေ၊ အနံ ၁၂ ပေ၊ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ် အပါအဝင် ပတ်ဝန်းကျင်ရှိ နေအိမ်ကိုးလုံး မီးလောင်ကျွမ်းသဖြင့် စုစုပေါင်းတန်ဖိုး ငွေကျပ် ၆၉၈၇၅ဝဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း၊ နေအိမ်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုရှစ်စု၊ လူဦးရေ ၃၄ ဦးအား ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်ဌေးနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ပြီး ငါးမြင်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယာယီနေရာ ချထားပေးကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ နန့်တိုတေးအား မြောင်းမြမြို့မရဲစခန်းက (ပ)၁၅၇/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၅ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 7 times Last modified on Thursday, 14 March 2019 11:39