SJ WorldNews - шаблон joomla Авто

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ မီးလောင်မှုဖြစ်ပွား

Friday, 15 March 2019 10:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ၈၃ လမ်း၊ ၄ဝ နှင့် ၄၁ လမ်းကြား၊ အကွက်အမှတ်(၅၁၅)ရှိ  ဦးနေလင်း(ဘ) ဦးခင်မောင်ကြီး၏နေအိမ်  RC သုံးထပ်ခွဲတိုက် ဒုတိယထပ်၌   မတ် ၁၃ ရက် ည ၉ နာရီ ၁၉ မိနစ်ခန့်တွင် ဖုန်းအားသွင်းရာမှ တစ်ဆင့် ဝါယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ် ရှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ မိနစ် ၄ဝ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အလားတူ ပုသိမ်ကြီးမြို့နယ်၊ သမ္မတော ကျေးရွာရှိ ဇော်မိုးလင်း(ဘ)ဦးဝင်းလှ၏နေအိမ်၌ ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ ခန့်တွင် နေအိမ်ရှိ  မီတာပုံးအပူရှိန်လွန်ကဲပြီး  ရှော့ခ်ဖြစ်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ရာ နယ်မြေခံ တပ်မတော် သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၄ဝ စီး၊ ရေသယ်ယာဉ် ၁ဝ စီးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုများကြောင့်  လူနှင့် တိရစ္ဆာန်များ  ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ မီးပေါ့ဆစွာ သုံးစွဲသူများအား အောင်မြေ သာစံ မြို့နယ် ရဲစခန်းနှင့် အုန်းချောနယ်မြေ ရဲစခန်း တို့၌ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။         

 

 

Read 31 times Last modified on Friday, 15 March 2019 11:40