SJ WorldNews - шаблон joomla Авто

မဘိမ်းမြို့နယ်အတွင်း တရားမဝင်သစ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Friday, 15 March 2019 10:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် မတ် ၁၃ ရက် မွန်းလွဲ ပိုင်းတွင် လဝါကျေးရွာ၏အရှေ့မြောက်ဘက် ၆ မိုင်ခွဲခန့်အကွာ၌ တရားမဝင်ကျွန်းသစ်လုံး ဆိုဒ်စုံ ၄၁၇ လုံး(ခန့်မှန်း ၅၄ ဒသမ ၅ တန် ခန့်)နှင့် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၃၄၉ ချောင်း (ခန့်မှန်း ၆ ဒသမ ၂ တန်ခန့်)တို့အား ပိုင်ရှင်မဲ့  တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခန့်တွင် ပျဉ်လဟာကျေးရွာ၏ အနောက်ဘက် ၅ မိုင်ခန့်အကွာ၌ တရားမဝင် ကျွန်းသစ်နှင့် အင်သစ်ခွဲသားဆိုဒ်စုံ ၄ တန် နှင့်   သစ်ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်း များအား ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 အဆိုပါသိမ်းဆည်းရမိ   တရားမဝင် ကျွန်းသစ်များနှင့် ဆက်စပ်ပစ္စည်းများအား မဘိမ်းမြို့နယ်သစ်တောဦးစီးဌာနသို့  စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 25 times Last modified on Friday, 15 March 2019 10:42