SJ WorldNews - шаблон joomla Авто

လဲချားမြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီး ရမိ

Friday, 15 March 2019 10:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်   ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသောတပ်ဖွဲ့ဝင်များသည် မတ် ၁၃ ရက် ည ၉ နာရီ ခန့်တွင် မတ်လန်းကျေးရွာအနီး၌ မိုင်းနောင်မြို့ဘက်မှ လဲချားမြို့ဘက်သို့ ရန်နိုင်ဝင်း(ဘ)ဦးချစ်ဦးမောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား   ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသည့် ရှမ်းလွယ်အိတ်အတွင်းမှWY စာတန်းပါ  ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၇၉ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၇ သိန်းကျော်)နှင့်အတူ   ဖမ်းဆီးရမိခဲ့

သည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား  လဲချားမြို့မရဲစခန်း၌ တရား ဥပဒေအရအမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။      

Read 28 times Last modified on Friday, 15 March 2019 10:43