SJ WorldNews - шаблон joomla Авто

မိုင်းဖြတ်မြို့နယ် နမ့်ဝိုးထောင် ကျေးရွာ၌ တောမီးမှတစ်ဆင့် လူနေအိမ်ခြောက်လုံး မီးကူးစက် လောင်ကျွမ်း

Friday, 15 March 2019 10:43 font size decrease font size decrease font size increase font size increase font size

မိုင်းဖြတ်  မတ်  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်၌ နမ့်ပန်ကျေးရွာအုပ်စု နမ့်ဝိုးထောင်ကျေးရွာ၌ ယမန်နေ့ည ၇ နာရီက တောမီးလောင် ရာမှတစ်ဆင့် ကျေးရွာရှိ လူနေအိမ်ခြောက်လုံးအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဖြတ်မြို့နယ် နမ့်ပန်ကျေး ရွာအုပ်စု နမ့်ဝိုးထောင်ကျေးရွာ၌ တောမီးလောင်ရာမှ တစ်ဆင့် ကျေးရွာရှိ လူနေအိမ် ခြောက်လုံးမီးကူးစက်လောင်ကျွမ်းရာ ဒေသခံပြည်သူများဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၈ နာရီတွင် မီးငြှိမ်း သတ်နိုင်ခဲ့ပြီး  မီးလောင် ကျွမ်းမှုကြောင့်  ထရံကာသွပ်မိုး လူနေအိမ်ခြောက်လုံး၊ စပါးတင်းပေါင်း ၃၆ဝ၊ ဟာလာ စပါးစက် တစ်လုံး၊ မော်တော်ဆိုင်ကယ် တစ်စီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး  ငွေကျပ် ၃၅၁၅ဝဝဝ ခန့်ပျက်စီးဆုံးရှုံးကာ မိသားစု ဝင် ၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။                 

 ရွှေကို(မိုင်းဖြတ်)

Read 5 times Last modified on Friday, 15 March 2019 10:43