SJ WorldNews - шаблон joomla Авто

လောက်ကိုင်မြို့နယ်၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Sunday, 24 March 2019 11:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင် မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၂  ရက် နံနက် ၁၁ နာရီခွဲခန့်တွင် သတင်းအရ ကာပူချိုင်း ကျေးရွာလမ်းဆုံ၌ စစ်ဆေးမှုများ ပြုလုပ်စဉ် ညံခွမ်းကျေးရွာဘက်မှ မောင်းနှင်လာသောလီဖန်းအမျိုးအစားဆိုင်ကယ်တစ်စီးအား ရပ် တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ လီလောက်စန်း(ဘ)ဦးလီရှောက်ဖာ လွယ်ထား သောလွယ်အိတ်အတွင်းမှ ပလတ်စတစ် အပြာရောင်ဖြင့်ထုပ်ထားသည့် ၈၈/၁ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၈ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅ဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိသူအား စိစစ်မေးမြန်းချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို စင်ကျိုင်းကျေး ရွာနေ ဦးလုံချီထံမှ ယူဆောင်လာခြင်းဖြစ် ကြောင်းသိရှိရသဖြင့် ဦးလုံချီ၏နေအိမ်သို့ သွားရောက်ရှာဖွေရာ ၄င်းအား မတွေ့ရှိရဘဲ နေအိမ်မှ ၈၈/၁ စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား ၁ဝ၆ဝဝဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၅ဝဝ ကျော်)အား သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါမူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိသူအား တာရွှေထန်မြို့နယ်ရဲစခန်း၌ တရားဥပဒေအရ အရေးယူဆောင်ရွက်  နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို စနစ် တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

 

Read 12 times Last modified on Sunday, 24 March 2019 11:44