SJ WorldNews - шаблон joomla Авто

စိတ်ကြွဆေးပြား ၂၆ဝဝ ပြား သယ်ဆောင်လာသော အမျိုးသားတစ်ဦး ဖမ်းဆီးရမိ

Thursday, 28 March 2019 09:54 font size decrease font size decrease font size increase font size increase font size

တာချီလိတ်၊ စိတ်ကြွဆေး တွေ့ရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ကျေးရွာ စည်ပင်သာယာလမ်း၌ မတ် ၂၆ ရက် ည ၇ နာရီ မိနစ် ၄ဝ ကစိတ်ကြွဆေးပြား ၂၆ဝဝ ပြားသယ် ဆောင်လာသော အမျိုးသားတစ်ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၃ဝ)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတာချီလိတ်မှ ရဲအုပ်ထွန်းထွန်းဝင်း ဦးစီးတပ်ဖွဲ့ ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ကျေးရွာ စည်ပင်သာယာ လမ်း၌   စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ   အောင်အောင်(ခ)ကိုအောင် ၄၅ နှစ်အားစစ်ဆေးရာ ၎င်းလွယ်ထား

သည့်သားရေလွယ်အိတ် အတွင်းမှ အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စာတန်းပါ လိမ္မော်ရောင် စိတ်ြ<ွကဆေးပြား၂ဝဝ ပြားစီပါ ၁ဝ ထုပ်စည်းတစ်စည်း၊ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျက် WYစာတန်းပါ  လိမ္မော်ရောင်စိတ်ကြွ ဆေးပြား ၂ဝဝ ပြားစီပါသုံးထုပ်  စုစုပေါင်းစိတ်ကြွ ဆေးပြား၂၆ဝဝ  ပြားအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍  စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိသူ  အောင်အောင်(ခ) ကိုအောင်အား   တာချီလိတ်မြို့မ ရဲစခန်းက မယ(ပ)၄၃/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။  

အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် ခိုလစ်ကျေးရွာ၌ မတ် ၂၆ရက် မွန်းလွဲ ၂ နာရီခွဲက တောင်ယာတဲ အတွင်းရှိ   အမျိုးသားတစ်ဦးထံမှ စိတ်ကြွ ဆေးပြားများနှင့် ဘိန်းမည်းများ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်မှာ ကွန်ဟိန်းမြို့မရဲစခန်းမှ ဒုတိယရဲအုပ်ကျော်ဆန်းလင်း ဦးစီးအဖွဲ့သည် သက်သေ များနှင့်အတူ  နယ်မြေစိုး မိုးရေး ဆောင်ရွက်နေစဉ် လိုက်ကမ်အုပ်စု ခိုလစ်ကျေးရွာ  ရွာအပြင်ဘက်ရှိ လူမနေသည့် တောင်ယာတဲပေါ်တွင် ကွန်ဟိန်းမြို့နယ် ဟိုကျယ်/ ဝမ်မိုင်ကျေးရွာနေ အိုက်စု(ခ)လုံးစု ၅၁ နှစ်ကိုတွေ့ရှိရသဖြင့်   ရှာဖွေစစ်ဆေးသည်။

ထိုသို့ရှာဖွေရာတွင်  အိုက်စု(ခ)လုံးစု   ဝတ်ဆင်ထားသည့်  အနက်ရောင်ဂျာကင် အင်္ကျီဝဲဘက်အောက်အိတ် ကပ် အတွင်းမှ အပြာရောင်ကပ်ခွာအိတ်ဖြင့်  ထည့်လျက် WY စာတန်းပါပန်းရောင်စိတ်ကြွ ဆေးပြား ၁ဝ၅ ပြား၊ ဆေးပြား တစ်ပြားလျှင် ငွေကျပ် ၁ဝဝဝ နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁ဝ၅ဝဝဝ နှင့်ယာဘက်အိတ်ကပ် အတွင်းမှ အပြာနုရောင် ပလတ်

စတစ်ဖြင့်ထုပ်လျက် ဘိန်းမည်းဟုယူဆရသော အမည်းရောင်အစေး အလေးချိန်  ၄ ဒသမ ဝ၈ ဂရမ်ခန့်၊ တစ်ဂရမ်လျှင် ငွေကျပ် ၅ဝဝ နှုန်းဖြင့် တန်ဖိုးငွေကျပ် ၂ဝ၄ဝ ခန့်တို့အား ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေးပြားများနှင့်ဘိန်းမည်းများ လက်ဝယ်တွေ့ရှိသူ အိုက်စု(ခ)လုံးစုအား ကွန်ဟိန်းမြို့မ ရဲစခန်းက မယ(ပ)၂/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ၊ ၁၉(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

..............

Read 35 times Last modified on Thursday, 28 March 2019 09:56