Print this page

တနင်္သာရီ မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

Friday, 29 March 2019 08:49 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ် ဆင်ခြေဖုံး ကျေးရွာအုပ်စု အောက်ကင်း အနောက်ကမ်း ကျေးရွာ၌ မတ်၂၇ ရက် ည ၉ နာရီခန့်က ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီမြို့နယ် ဆင်ခြေဖုံးကျေးရွာအုပ်စု အောက်ကင်းအနောက်ကမ်း ကျေးရွာရှိ ဆုတောင်းပြည့် ဘုန်းတော်ကြီး ကျောင်း၌ ကပ္ပိယဖြစ်သူ ဦးထွန်းလှကြည်သည် အောက်ကင်းအနောက် ဖယောင်းတိုင် မီးဖြင့် ဘုရားမီးပူဇော်၍ နေအိမ်သို့ ပြန်သွားခဲ့ရာ အဆိုပါ ဖယောင်းတိုင် မီးမှတစ်ဆင့် အလျားပေ ၉ဝ၊ အနံပေ ၄ဝ၊ အမြင့် ၁၈ ပေခန့်ရှိ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ အုတ်တိုင်တစ်ထပ်ဆောင်အား မီးကူးစက် လောင်ကျွမ်းရာ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ရဲခေါင်မြင့်နှင့် ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လင်းအောင် ဦးစီးအဖွဲ့၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးမျိုးနိုင် ဦးစီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦး၊ အောက်ကင်း အနောက်ကမ်း ကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂ဝ ဦးနှင့် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၂ဝဝ ဦးတို့က အပေါ့စားမီး သတ်စက်လေးလုံး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁ဝ နာရီတွင် မီးငြှိမ်း သတ်နိုင်ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်ကျွမ်းသည် အထိ မီးအားပေါ့ဆစွာ အသုံးပြုသူ ထွန်းလှကြည်အား တနင်္သာရီမြို့မ ရဲစခန်းက (ပ)၄၃/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 35 times Last modified on Friday, 29 March 2019 08:58