SJ WorldNews - шаблон joomla Авто

ခရီးသည်တင် ယာဉ်ရှေ့ဘီး ပေါက်ပြီး တိမ်းမှောက် ၁၄ ဦး ဒဏ်ရာရရှိ

Friday, 29 March 2019 08:58 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဟိုပင်မြို့တွင် မတ် ၂၇ ရက် မွန်းလွဲပိုင်းက ခရီးသည်များ တင်ဆောင်လာသည့် လိုက်ထရပ်ယာဉ်တစ်စီး

ယာဉ်မောင်းစဉ် ရှေ့ဘီးပေါက်ကာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ယာဉ်အား တိမ်းရှောင်စဉ် ယာဉ်တိမ်းမှောက် သဖြင့် ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟိုပင်မြို့ ကြာကြီးကွင်း ကျေးရွာအုပ်စု ငါးမိုင်ကျေးရွာအနီး မြစ်ကြီးနား-ရွှေဘိုသွား ပြည်ထောင်စု လမ်းမကြီးတွင် မိုင်တိုင် အမှတ်(၃၄၄)နှင့် (၃၄၅)အကြား ဝိုင်းမော်မြို့မှ ဟိုပင်မြို့သို့ စိုင်းမြတ်အောင် မောင်းနှင်လာပြီး ခရီးသည် ၁၅ ဦး လိုက်ပါလာသော ၄ဂ/----နံပါတ်ပါ လိုက်ထရပ်အဖြူရောင် ယာဉ်သည် ယာဉ်၏ ဘယ်ဘက် ရှေ့ဘီးပေါက်ကာ ဘယ်ဘက်သို့ ယိုင်သွားပြီး မျက်နှာချင်းဆိုင်မှ လာသည့် မော်တော်ယာဉ်အား တိမ်းရှောင်လိုက်စဉ် လမ်းညာဘက်ရှိ ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ရာ ခရီးသည် ၁၅ ဦးအနက် မဆာမာရီနှင့် မောင်လွမ်းဇယ်တို့ နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ (စိုးရိမ်ရ)များ ရရှိပြီး ကျန်ခရီးသည် အမျိုးသားလေးဦးနှင့် အမျိုးသမီးရှစ်ဦး တို့မှာ ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သဖြင့် ဟိုပင်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ စိုင်းမြတ်အောင်အား ဟိုပင်နယ်မြေ ရဲတပ်ဖွဲ့စခန်းက (ပ)၄/၂ဝ၁၉၊ ပြစ်မှုပုဒ်မ၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 31 times Last modified on Friday, 29 March 2019 09:00