SJ WorldNews - шаблон joomla Авто

မသင်္ကာလို့ ရဲကခေါ်စစ်ရာ အထည်နှင့် အလှကုန် ပစ္စည်းများ ခိုးမှုပေါ်ပေါက်

Friday, 29 March 2019 09:00 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့၌ မတ် ၂၇ ရက် နံနက် ၄ နာရီက ညဥ့်နက်လှည့်ကင်း ဆောင်ရွက်နေစဉ် မသင်္ကာသူတစ်ဦးအား စစ်ဆေးခဲ့ရာမှ အထည်နှင့်အလှကုန်ပစ္စည်း သုံးသိန်းခုနစ်သောင်းကျော် ခိုးယူသူအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မင်းဘူးမြို့မရဲစခန်းမှူး ဒုတိယရဲမှူးမြင့်ဇော်က အနီးကပ် ကြီးကြပ်ကွပ်ကဲ၍ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ်ကျော်ငြိမ်း နှင့်အဖွဲ့၊ သက်သေအမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးလွင် အဖွဲ့နှင့်အတူ ညဥ့်နက်လှည့်ကင်း ဆောင်ရွက်နေစဉ် မင်းဘူး-ကျောက်တန်းလမ်း၌ မသင်္ကာဖွယ်လူငယ်အား စစ်ဆေးခဲ့ရာ ၎င်းမှာ အမှတ်(၁)ရပ်ကွက်အောင် မေတ္တာရပ်နေ ကျော်ကိုချစ်ဖြစ်ပြီး ၎င်းမှာ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ အထည်နှင့်အလှကုန်ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်မှ ၎င်း၏ယောက်ဖတော်စပ်သူ မျိုးသိန်းထွေးနှင့် အစ်မဖြစ်သူ ပပ(ခ)ဖူးပွင့်တို့ဖြင့် သုံးဦးပူးပေါင်း၍ စုစုပေါင်းတန်ဖိုး ငွေကျပ် ၃၇၃၆ဝဝ ခန့်ရှိ အလှကုန်နှင့် အထည်ပစ္စည်းများ ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျော်ကိုချစ် အပါအဝင် သုံးဦးအား မင်းဘူးမြို့မရဲစခန်းက (ပ)၆ဝ၅/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မျိုးမြတ်(မင်းဘူး)

Read 21 times Last modified on Friday, 29 March 2019 09:01