SJ WorldNews - шаблон joomla Авто

မြဝတီသွား အာရှလမ်းပေါ်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ ခရီးသည် ၃၄ ဦးဒဏ်ရာရ

Tuesday, 14 May 2019 09:23 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၌ မေ ၁၃ ရက် နံနက် ၄ နာရီတွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၃၄ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ် ကော့ကရိတ်မှ မြဝတီ ဘက်သို့ အာရှလမ်းအတိုင်း ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နေ ထွန်းကျော် မောင်းနှင်ပြီး ယာဉ်နောက်လိုက် အပါအဝင်အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၉ ဦး လိုက်ပါလာသည့် ခရီးသည်တင်မှန်လုံယာဉ် တစ်စီးသည် ကွမ်းခြံကုန်းအဆင်း အရောက်တွင် မိုးရွာသွန်းထားမှုကြောင့် စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၃၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ယာဉ်မောင်းအပါအဝင် စုစုပေါင်း ၃၄ ဦး (မစိုးရိမ်ရ) ဒဏ်ရာ အသီးသီး ရရှိခဲ့သဖြင့် သင်္ဃန်းညီနောင်နယ်မြေ ရဲစခန်းမှ ရဲအုပ်ရဲနိုင်ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းများနှင့် ပူးပေါင်းကာ မြဝတီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေမျိုး

Read 30 times Last modified on Tuesday, 14 May 2019 09:24