×

Warning

JUser: :_load: Unable to load user with ID: 105
Print this page

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Tuesday, 14 May 2019 09:24 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မေ ၁၂ ရက်က မူးယစ်ဆေးဝါးသတင်းအရ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာမှ ဘိန်းမည်းနှင့် စိတ်ကြွဆေးပြားများ ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့ တာမခံနယ်မြေရဲ စခန်းမှ ရဲအုပ်ချွဲဘူမနား ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပူးပေါင်းကာ မူးယစ်ဆေးဝါး သတင်းအရ ဟောင်ပါးကျေးရွာနေ အားဂျာ၏နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာ အားဂျာနှင့်အတူ နေအိမ်အတွင်း အပွတ်(ခ)အထုဘူတို့ကို အတူတွေ့ရှိပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းမည်းအလေးချိန် ၅ဝ ဂရမ် ကာလတန်ဖိုး ငွေကျပ် ၉ဝဝဝဝ နှင့် အပြာရောင်ကပ်ခွာ အိတ်များအတွင်းမှ 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၃၈ဝ ပြား ကာလတန်ဖိုးငွေကျပ် ၁၉ သိန်းနှင့် မူးယစ်ဆေးဝါးရောင်းချရငွေ မြန်မာငွေစက္ကူရောရာ ငွေကျပ် ၂၃၂ဝဝဝ တို့ကို သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အားဂျာနှင့်အပွတ်(ခ) အထုဘူတို့နှစ်ဦးအား မြို့နယ်ရဲစခန်းက မယ(ပ)၂/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂ဝ(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 57 times Last modified on Tuesday, 14 May 2019 09:25