SJ WorldNews - шаблон joomla Авто

သစ်များ တရားမ၀င် တင်ဆောင် လာသူများကို ဖမ်းဆီးရမိ

Tuesday, 14 May 2019 09:25 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ သံလျက်စွန်းကျေးရွာအုပ်စု မုန်း-အုတ်ဖြတ်တံတား အနီးတွင် မေ ၁၂ ရက် မွန်းလွဲ ၂ နာရီက ရပ်တန့်ထားသည့် ခြောက်ဘီးယာဉ်ပေါ်၌ တရားမဝင်သစ်များ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်နေစဉ် မုန်း-အုတ်ဖြတ် တံတားအနီးတွင် ရပ်တန့်ထားသည့် 9F/---- လီဖန်းအမျိုးအစား အနီရောင်ခြောက်ဘီး ယာဉ်အား တွေ့ရှိရ၍ သွားရောက်စစ်ဆေးရာ ယာဉ်နှင့်အတူ ယာဉ်မောင်း ဦးကီစိုးကူးမား၊ သစ်ပိုင်ရှင်ဦးလှတို့ကို တွေ့ရှိရပြီး ယာဉ်ပေါ်တွင် ၃ ပေရှိ ပျဉ်းကတိုးသစ်လုံး ၁၃ လုံး၊ အခြားသားသစ်လုံးတစ်လုံး တို့ကိုတွေ့ရှိပြီး သစ်များနှင့် ပတ်သက်၍ တရားဝင်စာရွက်စာတမ်းပြေစာ၊ မျှောစာအထောက်အထားများ ပြသနိုင်ခြင်း မရှိသည့်အပြင် သစ်တောဦးစီးဌာန၏ တရားဝင်ရိုက်နှိပ်ထားသော တံဆိပ်အမှတ်အသားများ မပါရှိသဖြင့် ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကီစိုးကူးမားနှင့် ဦးလှတို့ကို မုန်းနယ်မြေရဲစခန်းက (ပ)၂၈/၂ဝ၁၉၊ သစ်တောဥပဒေပုဒ်မ ၄၂(က)အရ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Read 40 times Last modified on Tuesday, 14 May 2019 09:26