×

Warning

JUser: :_load: Unable to load user with ID: 105
Print this page

ရန်ကုန်-ပုသိမ် ကားလမ်း၌ မော်တော်ယာဉ် တစ်စီးမီးလောင်မှု ဖြစ်ပွား

Tuesday, 14 May 2019 09:26 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်း၌ မေ ၁၂ ရက် ညနေ ၃ နာရီ မိနစ် ၄ဝ က မော်တော်ယာဉ်ဦးခေါင်းပိုင်းနှင့် ကိုယ်ထည်ကြားရှိ မော်တာပန့်ရှော့ဖြစ်ပြီး မော်တော်ယာဉ် တစ်စီးမီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် (၃၈/၂)နှင့် (၃၈/၃)အကြားတွင် မင်္ဂလာဒုံမြို့နယ် တောရကျောင်း (၃) လမ်းနေ ရဲကိုကိုမြင့် မောင်းနှင်လာသော ယာဉ်အမှတ် 1B/---- HINO အဖြူ/အပြာရောင် မော်တော်ယာဉ်သည် ဖြစ်စဉ်နေရာ အရောက်၌ ယာဉ်ဦးခေါင်းပိုင်းနှင့် ကိုယ်ထည်ကြားရှိ မော်တာပန့်မှ ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ယာဉ်ဦးခေါင်းပိုင်း အတွင်းရှိ ထိုင်ခုံနှစ်ခုံနှင့် အင်ဂျင်ဝါယာကြိုးများ မီးလောင်ကျွမ်းပြီး ပတ်ဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ် ခဲ့သဖြင့် ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲကိုကိုမြင့်အား ချောင်းကြီးနယ်မြေ ရဲစခန်းက ယာဉ်(ပ)၉/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 56 times Last modified on Tuesday, 14 May 2019 09:27