Print this page

ရပ်စောက်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ အတွင်း၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

Tuesday, 14 May 2019 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်   မေ ၁၂ ရက် နံနက် ၈ နာရီခန့်တွင်    နောင်ဝိုးကျေးရွာ၏ အရှေ့တောင်ဘက်  မီတာ ၁ဝဝဝဝ ခန့်အကွာသို့ အရောက်၌ ကျွန်းသစ်လုံးဆိုဒ်စုံ ၁ဝ တန်ခန့်အား လည်းကောင်း၊   ကျိုင်းခမ်းကျေးရွာ၏ အရှေ့ဘက်  မီတာ ၂ဝဝဝဝ ခန့်အကွာသို့ အရောက်၌ အင်သစ်လုံးဆိုဒ်စုံ ၅ဝ တန်ခန့်ကို လည်းကောင်း ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော   တပ်ဖွဲ့ဝင်များသည် မေ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် မိုင်းပျဉ်းကျေးရွာ၏ မြောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာသို့ အရောက်၌  တရားမဝင်စုပုံထားသော အင်သစ်လုံးဆိုဒ်စုံ ၂ဝဝ တန်ခန့်အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင် သစ်များအား ရပ်စောက်မြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ် သစ်တောဦးစီး ဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 36 times Last modified on Tuesday, 14 May 2019 09:34