SJ WorldNews - шаблон joomla Авто

တောမီးလောင်ရာမှ နေအိမ်နှစ်လုံး မီးကူးစက်လောင်ကျွမ်း

Wednesday, 15 May 2019 09:26 font size decrease font size decrease font size increase font size increase font size

မကွေးမြို့နယ် ပေပင်စမ်းကျေးရွာအုပ်စု လျော်တောကျေးရွာ၌ မေ ၁၃ ရက်မွန်းလွဲ ၁ နာရီခွဲက နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပေပင်စမ်းကျေးရွာအုပ်စု လျော်တောကျေးရွာနေ ဦးဇော်ညီနိုင်၏ (၃x၃)ပင် သက်ငယ်မိုးထရံကာ နေအိမ်နှင့် ဦးစိုးနိုင်၏ (၃x၃)ပင် သက်ငယ်မိုးထရံကာ နေအိမ်တို့သို့ တောမီးလောင်ကျွမ်းရာ မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားရာ ကျေးရွာနေ ပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားသည်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်နှစ်လုံး မီးဘေးသင့်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။ သန်းနိုင်ဦး(ငဖဲ)

Read 31 times Last modified on Wednesday, 15 May 2019 09:30