SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

နမ့်ခမ်းမြို့ အ၀င်၌ ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Wednesday, 15 May 2019 09:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေ ၁၃ ရက် ညနေ ၃ နာရီခန့်တွင် နမ့်ခမ်း-မူဆယ်သွား ကားလမ်းပေါ်ရှိ နမ့်ခမ်းမြို့အဝင်၌ မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် မူဆယ်မြို့ဘက်မှ မောင်းနှင်လာသော ခြောက်ဘီးယာဉ်အမျိုးအစား 5M/----- မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ရန်ရှီလုံ(ဘ)ဦးရန်ဆန် နှင့်အတူ ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း အက်စီတစ်အက်စစ် အဖြူရောင် ပုံဆောင်ခဲ ၂၅ ကီလိုပါ ၁၁ဝ အိတ်၊ အပြာရောင်ပလတ်စတစ်ပုံး ၉ဝ အတွင်း ဆာဖရိုးလ်အရည် ၁၄၄ဝ လီတာခန့်နှင့် အဖြူရောင် ပလတ်စတစ်ပုံး ၆ဝ အတွင်း အက်စီတစ်အက်စစ် အရောင်မဲ့အရည် ၉၆ဝ လီတာခန့် (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၄၃ဝ ကျော်)နှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့် ထိန်းချုပ်ဓာတု ပစ္စည်းများအား နမ့်ခမ်းမြို့မ ရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 44 times Last modified on Wednesday, 15 May 2019 09:31