SJ WorldNews - шаблон joomla Авто

လွိုင်လင်မြို့ရှိ စိမ်းလဲ့လဲ့ စားသောက်ဆိုင် အနီး၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Wednesday, 15 May 2019 09:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့အတွင်း မေ ၁၃ ရက် ညနေ ၃ နာရီ မိနစ် ၅ဝ ခန့်တွင် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ကွတ်ချိုးရွာဘက်မှ လွိုင်လင်မြို့ဘက်သို့ မောင်းနှင်လာသော Succeed ယာဉ်အမျိုးအစား 7J/------- မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ခွန်မောင်ထွန်း(ဘ) ဦးအောင်ခမ်းအား ယာဉ်၏ ရှေ့အင်ဂျင်ခန်းအတွင်းဝှက်၍ သယ်ဆောင်လာသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝဝဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၃ဝဝဝ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား လွိုင်လင်မြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 12 times Last modified on Wednesday, 15 May 2019 09:32