SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

လားရှိုးမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

Wednesday, 15 May 2019 09:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် လားရှိုး-တန့်ယန်းသွား ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၅/၇ အနီးရှိ ခါးသျှိအောက်ရွာနှင့် မန်ပျဉ်ကျေးရွာကြား၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် တန့်ယန်းမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် NISSAN အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN/5L----- သည် စစ်ဆေးသည့် နေရာသို့ မရောက်မီ ရပ်တန့်နေသဖြင့် စစ်ဆေးရန် သွားရောက်ရာ ယာဉ်ပေါ်ပါ အမျိုးသားလေးဦးအနက်မှ နှစ်ဦးမှာ ထွက်ပြေးသွားခဲ့ပြီး ယာဉ်ပေါ်တွင် စိုင်းခမ်းကျော်(ဘ) ဦးစိုင်းငင်ရွက်နှင့် စိုင်းလှရွှေ (ဘ)ဦးအောင်ဘတို့ နှစ်ဦးကို တွေ့ရှိသဖြင့် ၎င်းမော်တော်ယာဉ်အား ရှာဖွေစစ်ဆေးစဉ် အင်ဂျင်နောက်ကာ ဘာအံဝှက်အတွင်းနှင့် ယာဉ်နောက်ခန်းထိုင်ခုံ ဆိုဖာအတွင်းဝှက်၍ သယ်ဆောင်လာသော သေနတ်မျိုးစုံလေးလက်၊ ကျည်အိမ်မျိုးစုံ ၁ဝ ခု၊ ပွိုင့်-၂၂ ကျည် ၇၅ဝ တောင့်၊ နေ့ကြည့်စနိုက်ဘာမှန်ပြောင်းတစ်ခု၊ ညကြည့်စနိုက်ဘာ မှန်ပြောင်းတစ်ခုနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦး၊ မော်တော်ယာဉ်နှင့်လက်နက်၊ ခဲယမ်းများအား လားရှိုးမြို့မ ရဲစခန်းမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 48 times Last modified on Wednesday, 15 May 2019 09:32