SJ WorldNews - шаблон joomla Авто

မီးဖိုမီးကြွင်းမီးကျန် မှတစ်ဆင့် နေအိမ်သုံးလုံး မီးလောင်ကျွမ်း

Wednesday, 15 May 2019 09:33 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ မခေါယန်ကွက်သစ်၌ မေ ၁၃ ရက် နံနက် ၇ နာရီ ၂၅ မိနစ်က နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန် မှတစ်ဆင့် နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ မခေါယန်ကွက်သစ်နေ ဒေါ်ရန်ဂျာနူး ၄ဝ နှစ်၏ နေအိမ်မီးဖို မီးကြွင်းမီးကျန် မှတစ်ဆင့် မီးဖိုထရံသို့ မီးကူးစက်လောင်ကျွမ်းရာ အိမ်နီးချင်းဒေါ်ဂျာပရီ ၃၇ နှစ်နှင့် ဒေါ်ရွယ်ဆန့် ၃၆ နှစ်တို့ ပိုင်ဆိုင်သည့် သွပ်မိုးထရံကာ ဝါးကြမ်းခင်း နေအိမ်တို့သို့ မီးကူးစက်လောင်ကျွမ်းသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ဝိုင်းမော်မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်စွာအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားသည်။

မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ဂျာနူးအား ဝိုင်းမော်မြို့မရဲစခန်းက (ပ)၈၇/၂ဝ၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 13 times Last modified on Wednesday, 15 May 2019 09:34